Members

Username
Password
Remember Me

Latest articles

ဓမ္မပဒ (၁)

Published: Feb 25, 2010 by cyber Filed under: ဓမ္မပဒ
ဓမ္မပဒ
(မြန်မာ+အင်္ဂလိပ်)

Dhammapada

A practical guide to right living

ပါဠိမှ မြန်မာဘာသာ ပြန်ဆိုသူ - ဆရာတော် အရှင်သေဋ္ဌိလ
ပါဠိမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ - ဆရာတော် ဗုဒ္ဓရက္ခိတ

Chapter 1

အစုံအစုံ တရားတော်
The Pairs
(၁)
စိတ်နှင့် စပ်ဆိုင်သမျှ သဘောတရားတို့သည် (ကြံစည်ခြင်း ပြောဆိုခြင်း ပြုလုပ်ခြင်း ဟူသမျှတို့သည်) စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ တစုံတယောက်သော သူသည် ပြစ်မှားလိုသော (မကောင်းသော) စိတ်ဖြင့် ပြောမူလည်း ပြောအံ့၊ ပြုမူလည်း ပြောအံ့၊ ကြံမူလည်း ကြံစည်အံ့၊ ထိုသို့ ပြစ်မှားလိုသော စိတ်ဖြင့် ပြောဆိုခြင်း, ပြုလုပ်ခြင်း, ကြံစည်ခြင်းကြောင့် ထိုသူ့နောက်သို့ လှည်းဘီးစက်သည် ၀န်ကိုဆောင်သော နွား၏ခြေရာသို့ အစဉ်လိုက်သကဲ့သို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

(1)
Mind precedes all mental states.
Mind is their chief;
they are all mind-wrought.
If with an impure mind
a person speaks or acts,
suffering follows him like the wheel
that follows the foot of the ox.
***

Buddha FM ကို Iphone ဖြင့်နားထောင်လိုလျှင်

Published: Jan 21, 2010 by mettacara Filed under: BDFM နှင့်ပတ်သက်သော

Iphone နဲ့ အင်တာနက်ကွန်နက်ရှင်းပဲ လိုအပ်ပါတယ်။ Itunes Store Account ( Itunes) သို့သွား၍ free register နိုင်သည်။ Now playing တွင် ပုံမှန်အင်တာနက်အနေဖြင့် တစ်မိနစ်ခန့်စောင့်ရပါသည်။ မိမိအင်တာနက်အနှေးအမြန်ပေါ်မူတည် ပါသည်။ Buddha FM နားထောင်မည်ဆိုလျှင် ( http://wma1.viastreaming.net/BDFM ) လင့်ကို Bookmark လုပ်ပါ။  ipod Touch or ipod touch 2G တွင်လည်း Wifi အင်တာနက်ရှိလျှင် နားထောင်နိုင်ပါသည်။


Buddha FM Radio အကြောင်း


Buddha FM Online Radio သည် သီရိလင်္ကာ အခြေစိုက် အင်တာနက်ရေဒီယို နှင့် ဂီတ အဖွဲ့အစည်း ၀က်ဆိုက်တစ်ခုဖြစ်သည်။ ၂၀၀၉ နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ပီအိပ်ခ်ျဒီကျောင်းသား အရှင်မေတ္တာစာရမှ တည်ထောင်သည်။ Buddha FM Online Radio သည် ပြည်ပရောက် မြန်မာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓတရားတော်များ၊ ဓမ္မတေးများကို အလွယ်တကူ နာယူ၊ နားဆင်နိုင်ကြစေရန် နှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များ အတွက် အင်္ဂလိပ်လိုဟောကြားထားသောတရားဓမ္မများနှင့် အင်္ဂလိပ်လို သီဆိုထားသော ဓမ္မတေးများကို အလွယ်တကူ နာယူ၊ နားဆင်နိုင်ကြစေရန် အတွက်ဖြစ်သည်။


ဗုဒ္ဓ FM ကို (၂၄) နာရီပတ်လုံး Online မှ စတင်ထုတ်လွှင့်

Published: Jan 11, 2010 by mettacara Filed under: BDFM နှင့်ပတ်သက်သော

ဗုဒ္ဓဘာသာဝင်တိုင်း၏ ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို တနေရာတည်းတွင် အလွယ်တကူ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက်အသစ်များဖြင့် ယနေ့မှစ၍ စတင်အသံလွှင့်နေပြီ ဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြားသည်။

၎င်းက “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာစာရက လက်ရှိသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှတဆင့် စမ်းသပ်ကာလအဖြစ် ဒီဇင်ဘာလလယ်ပိုင်း ကတည်းက စတင်ထုတ်လွှင့်ခဲ့ရာ ယခုအခါ ဘာသာရပ် (၈) မျိုးဖြင့် ရွတ်ဆိုပူဇော်ထားသည့် ဓမ္မတေးများနှင့် တရားတော်များကို (၂၄) နာရီပတ်လုံး ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။

အရှင်မေတ္တာစာရက “အသံလွှင့်ဖို့ Volunteer အနေနဲ့ (၁၃) ယောက် ဝင်ကူပေးနေတယ်။ နောက်ထပ် အစီအစဉ်တွေကို ကဏ္ဍအလိုက် ခွဲပြီးတဲ့အချိန်ကျရင် လူ (၂၀) ကျော်တော့ လိုအပ်မယ်။ အခုလွှင့်တဲ့အထဲမှာ ဗမာနဲ့အင်္ဂလိပ်ဘာသာကို အဓိကထားပေမယ့် ထိုင်း၊ မလေး၊ အိုမန်၊ သီရိလင်္ကာ၊ တရုတ် စတဲ့ဘာသာတွေနဲ့ ဓမ္မပူဇာတေးတွေလည်း ပါတယ်” ဟု မိန့်သည်။

တနေ့တခြား နားဆင်သူ များပြားလာခြင်းကြောင့် ဆာဗာ ထပ်မံ တိုးချဲ့ရန်ရှိပြီး ဝက်ဘ်ဆိုက်များတွင် ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်သစ်၊ ခေတ်ဟောင်းဓမ္မတေးများ၊ တရားတော်များကို ပဋ္ဌာန်း၊ ပရိတ်၊ သုတ္တန်၊ အင်္ဂလိပ်၊ ဝိပဿနာ ဟူ၍ ကဏ္ဍအလိုက် ခွဲခြားတင်ထားပြီး နောက်ပိုင်းတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ Online ဆွေးနွေးပွဲများနှင့် တရားပွဲ အစီအစဉ်များကိုလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း သိရသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟောသီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

ဗုဒ္ဓ FM သည် ဗုဒ္ဓသာသနာ တိုးတက်အောင် လုပ်ဆောင်နေခြင်းသာဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်က ပိတ်ပင်တားမြစ် လိမ့်မည်ဟု မထင်ကြောင်း၊ ၎င်း၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များကိုလည်း ပြည်တွင်းတွင် ဖတ်ရှု၍ရကြောင်း အရှင်မေတ္တာစာရက မိန့်ဆိုသည်။

တည်ထောင်သူ အရှင်မေတ္တာစာရသည် ၂၀၀၉ ၏ အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆု ရရှိထားသူ မြန်မာသံဃာတော်တပါး ဖြစ်ပြီး University of Mumbai တွင် Society, Government and other Socio-Political Principles ခေါင်းစဉ်ဖြင့် ဒေါက်တာဘွဲ့အတွက် စာတမ်းရေးသားနေသူ ဖြစ်သည်။

ခေတ်ပြိုင်(http://www.khitpyaingnews.org/news/January%2010/11110d.php)


ပထမဆုံး ဗုဒ္ဓ FM ရေဒီယို Online မှ စတင်ထုတ်လွှင့်

Published: Jan 10, 2010 by mettacara Filed under: BDFM နှင့်ပတ်သက်သော

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓတရားတော်များနှင့် ဓမ္မပူဇာတေးများကို အချိန်ပြည့်နှလုံးသွင်း နာယူနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM ရေဒီယိုက တရက် (၁၆) နာရီအထိ Online မှတဆင့် တိုက်ရိုက်အသံလွှင့်မှု စတင်နေကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက ပြောသည်။၎င်းက “ဒီဇင်ဘာ (၁၉) ရက်နေ့မှာ စလွှင့်တာ။ ဗုဒ္ဓတရားတော်တွေ၊ ဓမ္မတေးသီချင်းတွေ အခု စမ်းသပ်လွှင့်ပေးနေပြီ။ ဦးဇင်းက Online မှ တိုက်ရိုက်နားထောင်နိုင်သူ အယောက် (၁၀၀) အတွက်ပဲ ဝယ်ထားတာ။ အခု ကမ္ဘာတလွှားက နားထောင်တဲ့သူတွေ အဲဒီထက်များလာတော့ လွှင့်တဲ့အား ထပ်တိုးရတော့မယ်။ မြန်မာနဲ့ အင်္ဂလိပ် (၂) ဘာသာ အသံလွှင့်သွားဖို့ရှိတယ်။ ဗုဒ္ဓဘာသာတရားနဲ့ပတ်သက်ပြီး လွှင့်တဲ့ပထမဆုံး FM ရေဒီယိုပေါ့” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။အရှင်မေတ္တာစာရသည် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အာဆီယံ ဘလော့ဒ်ဂါဆုနှင့် ၂၀၀၉ အတွက် အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆုကို ရရှိထားသူ မြန်မာသံဃာတော်တပါးဖြစ်ပြီး လက်ရှိသတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ တဆင့် ဗုဒ္ဓ FM ရေဒီယိုကို ထုတ်လွှင့်နေခြင်းဖြစ်သည်။ဗုဒ္ဓ FM ရေဒီယိုကို မြန်မာ့စံတော်ချိန် မနက်ပိုင်းမှစ၍ ညနက်ပိုင်းအထိ http://wma1.viastreaming.net/BDFM (သို့မဟုတ်) http://www.buddhafm.blogspot.com/ ဝက်ဆိုက်စာမျက်နှာမှတဆင့် နာယူနိုင်ပြီး မြန်မာဘာသာအပြင် အင်္ဂလိပ်၊ တရုတ်၊ ဆင်ဟာလီ (သီရိလင်္ကာ) စသည့် ဘာသာရပ်များဖြင့် သီဆိုထားသည့် ဓမ္မပူဇာတေးများကိုလည်း ထုတ်လွှင့်ပေးနေကြောင်း သိရသည်။အရှင်မေတ္တာစာရက “ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ ဗမာပြည် ပြင်ပက မြန်မာတွေရယ်၊ မလေးရှားက တရုတ်တွေ၊ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ အားလုံးအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအားလုံးကို တင်ဆက်နိုင်အောင် စီစဉ်နေပါတယ်။ ပြည်ပမှာ ရှိနေပေမယ့် တရားတော်တွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း တင်ဆက်သွားမှာပါ။ ပြီးတော့ တိုက်ရိုက်ဆွေးနွေးပွဲတွေ လွှင့်သွားဖို့ရှိတယ်” ဟု မိန့်ကြားသည်။ဗုဒ္ဓ Online FM ရေဒီယိုကို အဖြူရောင်သံစဉ် Online ရေဒီယိုမှ ပညာရှင်တို့က နည်းပညာပိုင်းအတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက် စာမျက်နှာ ဝက်ဘ်ဆိုက် www.buddhafm.com တွင် လာမည့် (၂) ပတ်အတွင်း ဝင်ရောက်ကြည့်ရှု နိုင်ပြီဖြစ်ကြောင်း အရှင်မေတ္တာစာရက မိန့်ကြားသည်။ထိုအစီအစဉ်သစ်နှင့် ပတ်သက်၍ စတင်ထုတ်လွှင့်ချိန်မှစ၍ (၄) ရက်အတွင်း ပရိသတ်များထံမှ အကြံပြုချက်ပေါင်းများစွာ လက်ခံရရှိထားပြီ ဖြစ်ကြောင်းနှင့် ဆက်လက် ကြိုဆိုလျက်ရှိကြောင်း ၎င်းက မိန့်ကြားသည်။

Source: http://www.khitpyaing.org/news/Dec09/221209e.php

ဗုဒ္ဓ FM အွန်လိုင်းရေဒီယို စတင်ထုတ်လွှင့်

Published: Jan 9, 2010 by BDFM Filed under: BDFM နှင့်ပတ်သက်သော
bdfm


ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို အခုလ ၁၉ ရက်နေ့ကစလို့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ကနေ ထုတ်လွှင့်နေပါတယ်။
ပြည်ပရောက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတွေ ဗုဒ္ဓတရားတော်တွေကို လွယ်လင့်တကူနာယူနိုင်ဖို့ ရည်ရွယ်ထုတ်လွှင့် တယ်လို့ ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို တည်ထောင်တဲ့ အရှင်မေတ္တာစာရက အခုလို ပြောပါတယ်။
" အဓိကာအားဖြင့် ဦးဇင်းတို့အနေနဲ့ ပြည်ပရောက်နေတဲ့ မြန်မာတွေ အနေနဲ့ မြန်မာတရားတော်တွေကို လွယ်လင့်တကူ အချိန်ပြည့် နာယူနိုင်အောင် အဲ့ဒီ ရည်ရွယ်ချက်ရယ်၊ နောက်တစ်ခု ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ တစ်ချို့က မြန်မာဗုဒ္ဓဘာသာ ဆိုပေမယ့် တော်တော်များများ ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ သူတွေက အများကြီးရှိတယ်။ အဲ့ဒီဲအတွက်ကြောင့် သူတို့ မသိလို့ရှိရင် ဒီဆရာတော်တွေ၊ ဒီအွန်လိုင်းကနေ မေးမြန်းနိုင်တယ်၊ အဲ့ဒီလို ပုံစံ ရည်ရွယ်ချက်နဲ့ လုပ်ပါတယ်။ "
ဒီအွန်လိုင်းရေဒီယိုကို လက်ရှိ အရှင်မေတ္တာစာက တစ်ပါးထဲ တာဝန်ယူ လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာတော့ တခြားသံဃာတွေနဲ့ လူပုဂ္ဂိုလ်က အလှည့်ကျ တာဝန်ယူ လုပ်ကိုင်ကြမှာလို့လည်း အရှင်မေတ္တာစာရက ပြောပေါတယ်။
နောက်ပိုင်းမှာ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေနဲ့ တိုက်ရိုက်တရားဟော အစီစဉ်တွေကိုလည်း ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓ FM အွန်လိုင်း ရေဒီယိုကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်လွင့်မယ်လို့ အရှင်မေတ္တာစာရက အခုလို ဆက်ပြောပါတယ်။

အခု တောင်းဆိုထားတာတွေက မလေးရှား တရုတ်နဲ့ အင်ဒိုနီးရှား တရုတ်တွေကလည်း နားထောင်ချင်တယ်၊ အင်ဒိုနီးရှား ဗုဒ္ဓဘာသာတွေက အများကြီး၊ ထေရ၀ါဒ ဗုဒ္ဓဘာသာရော၊ မဟာယန တွေရော အများကြီးရှိတယ်။
ဗုဒ္ဓ FM ဆိုပြီးတော့ နာမည်ပေးထားတာ၊ ပေးထားတဲ့ အတွက်ကြောင့်မို့ ဦးဇင်းက အချို့အပိုင်းတွေကျတော့ မခွဲနိုင်တော့ဘူး၊ မဟာယနတွေ ဘာတွေ ညာတွေ အဲ့ဒီလို ခွဲလို့မရတော့ဘူး၊ သူတို့ တောင်းတဲ့ဟာတွေ မှန်သမျှ ဦးဇင်းက လွှင့်ရလိမ့်မယ်။ "

ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို http://buddhafm.blogspot.com/ အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်နားဆင်နိုင်ပြီး လာမယ့် ၂ ပတ်လောက်ကစလို့ www.buddhafm.com အင်တာနက် ပြောင်းလဲ နားဆင်နိုင်မယ်လို့ သိရှိရပါတယ်။

Source: http://burmese.dvb.no/news.php?id=9370
Page 1 of 1