[+] [a] [-]
Related articles Comments
ဓမ္မပဒ
(မြန်မာ+အင်္ဂလိပ်)
Dhammapada
A practical guide to right living
ပါဠိမှ
မြန်မာဘာသာ ပြန်ဆိုသူ - ဆရာတော် အရှင်သေဋ္ဌိလ
ပါဠိမှ အင်္ဂလိပ်ဘာသာ
ပြန်ဆိုသူ - ဆရာတော် ဗုဒ္ဓရက္ခိတ
Chapter
1
အစုံအစုံ
တရားတော်
The Pairs
(၁)
စိတ်နှင့် စပ်ဆိုင်သမျှ သဘောတရားတို့သည်
(ကြံစည်ခြင်း ပြောဆိုခြင်း ပြုလုပ်ခြင်း ဟူသမျှတို့သည်) စိတ်သာလျှင်
ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။
တစုံတယောက်သော သူသည် ပြစ်မှားလိုသော (မကောင်းသော) စိတ်ဖြင့် ပြောမူလည်း
ပြောအံ့၊ ပြုမူလည်း ပြောအံ့၊ ကြံမူလည်း ကြံစည်အံ့၊ ထိုသို့ ပြစ်မှားလိုသော
စိတ်ဖြင့် ပြောဆိုခြင်း, ပြုလုပ်ခြင်း, ကြံစည်ခြင်းကြောင့် ထိုသူ့နောက်သို့
လှည်းဘီးစက်သည် ၀န်ကိုဆောင်သော နွား၏ခြေရာသို့ အစဉ်လိုက်သကဲ့သို့
ဆင်းရဲသည် အစဉ်လိုက်လေ၏။
(1)
Mind precedes all mental states.
Mind is their chief;
they are all mind-wrought.
If with an impure mind
a person speaks or acts,
suffering follows him like the
wheel
that follows the foot of the ox.
***